loader image
July 21, 2026 3:16 am
ဒေါ်အောင်ဆန်းစုကြည်နေထိုင်‌နေတဲ့ ရန်ကုန် မြိုက ခြံအမှတ် ၅၄ကို လေလံတင်ရန် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံး အမိန့်ချ

ဒေါ်အောင်ဆန်းစုကြည် နေထိုင်‌နေတဲ့ ရန်ကုန်တိုင်း၊ ဗဟန်းမြိုနယ်၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အစ်ကိုတော်စပ်သူ ဦးအောင်ဆန်းဦးက တောင်းဆိုတဲ့အတိုင်း အမေရိကန်ဒေါ်လာ သန်း ၉၀ လေလံ ကြမ်းခင်းစျေး စစ်ကောင်စီ တရား ရုံးက အမိန့်ချကာ သတ်မှတ်ချက်ထုတ်လိုက်ပီဖြစ်တယ်လို တရားရုံးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်‌တွေဆီက သိရပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အမွေဆိုင်အဖြစ် အမွေခွဲလိုတဲ့ ဦးအောင်ဆန်းဦးဆန္ဒအတိုင်းအာဏာသိမ်း စစ်ကောင်စီတရားရုံးက အနိုင်ပေးခဲ့ပြီးနောက် သူတောင်း ဆိုတဲ့ အမေရိကန်ဒေါ်လာ သန်း ၉၀ ‌ (မြန်မာကျပ်ငွေ သိန်းပေါင်း ၃သန်း၁သိန်း၅သောင်း) သတ်မှတ်လိုက်ပြီး လာမယ့် မတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီမှာ လေလံ တင်မှာဖြစ်တယ်လိုသတင်းရင်းမြစ်က FNCC ကိုပြောပါတယ်။

လေလံပွဲကိုတော့ တက္ကသိုလ်ရိပ်သာလမ်း အဆိုပါ ခြံအမှတ် ၅၄ မှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပြီး စစ်တပ်နဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထဲကပဲ ၀ယ်ယူလိုသူ အများအပြားရှိနေတယ်လိုလည်းဆိုပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top